အားလုံးကိုလွမ်းဆွတ်သတိရစေခဲ့တဲ့ တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Sulli ရဲ့သေဆုံးမှု

မနှစ်ကဒီလိုအချိန်မှာတော့ ပရိသတ်တွေရဲ့အချစ်တော် Sulli တစ်ယောက် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တဲ့သတင်းကိုသိခဲ့ရတာပါ။ အောက်တိုဘာလ(၁၄)ရက် (၂၀၁၉) ခုနှစ်မှာအသက်(၂၅)နှစ်အရွယ် အောင်မြင်နေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ကြယ်ပွင့်လေးဖြစ်တဲ့ Sulli ဟာနေအိမ်မှာ သေဆုံးနေခဲ့ပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာပါ။


အခုဆိုရင်တော့ Sulli ရဲ့သေဆုံးမှုဟာတစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေကလွမ်းဆွတ်သတိရနေဆဲပါပဲ။ သူဟာ (၂၀၀၅) ခုနှစ်မှာSBS ရုပ်သံလိုင်းရဲ့သမိုင်းကြောင်းနောက်ခံဒရမ်မာဇာတ်ကားဖြစ်တဲ့ ‘Ballad of Seodong’ မှာ ကလေးသရုပ်ဆောင်အနေနဲ့ ပွဲဦးထွက်ခဲ့တာပါ။ အဲ့ဒီနောက် f(x) ရဲ့အဖွဲ့ဝင်အမျိုးသမီးအိုင်ဒေါတစ်ဦးအနေနဲ့ (၂၀၀၉) ခုနှစ်မှာစတင်လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၇) ခုနှစ်မှာ “Real” ဇာတ်ကားမှာ ထိပ်တန်းမင်းသား Kim Soohyun နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။


ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ Sulli ရဲ့သေဆုံးမှုဟာ တောင်ကိုရီးယားအနုပညာလောကအတွက် အတော်လေးလှုတ်လှုတ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ အားလုံးကိုကျောခိုင်းသွားခဲ့တဲ့ Sulli ကိုတော့ ပရိသတ်တွေကသတိရနေဆဲဖြစ်ပြီး ဒီနေ့ကတော့ သူ့ရဲ့သေဆုံးမှု တစ်နှစ်ပြည့်သွားတဲ့နေလေးပါပဲ…
Source : kstarlive

Check Also

ထိပ်တန်းမင်းသားPark Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ မေကတော့ Park …