အသက(၄၀)ပြည့်တော့မယ်လို့ထင်ရက်စရာမရှိအောင်လှနေတဲ့ ကိုရီးယားမင်းသမီးများ

တောင်ကိုရီးယားနိုင်ငံကအနုပညာရှင်တွေကတော့ အသားအရည်လှပကြသလို အသက်နဲ့မလိုက်အောင်နုနယ်ပျိုမျစ်ကြတာကြောင့်လည်း နာမည်ကြီးပါတယ်။ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေနာမည်ကြီးလာတာ ဆယ်စုနှစ်(၂) ခုကျော်ရှိပြီဖြစ်သလို အချို့မင်းသမီး၊မင်းသားတွေကတော့ အသက်ကြီးလာတယ်လို့မထင်ရအောင်နုနယ်လှပနေဆဲပါ။
အခုတစ်ခါမှာတော့ အသက်(၄၀)ပြည့်ကာနီးထိတောင်မှ လှပနေဆဲမင်းသမီး(၅)ဦးကိုဖော်ပြပေးလိုက်ပါတယ်။ ဒီမင်းသမီးတွေကတော့ (၁၉၈၂) ခုနှစ်ဖွားတွေဖြစ်ပြီး (၂၀၂၁) ခုနှစ်မှာတော့ အသက်(၄၀)ထဲကိုရောက်တော့မှာလည်း ဖြစ်ပါတယ်။
(၁) Son Ye Jin


တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို မြန်မာပရိသတ်တွေရဲ့အသည်းကျော်လည်းဖြစ်တဲ့ Son Ye Jin ပါ။

(၂) Han Ji Min


ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသိကြတဲ့ Han Ji Min ကတော့ ကလေးတစ်ယော က်လိုချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အသက်ထက်များစွာနုပျိုနေသူပါ။

(၃) Yoo In Na


မြန်မာပရိသတ်တွေရဲ့အသည်းကျော်မင်းသမီးတစ်လက်လည်းဖြစ်ပြီး မကြာခင်မှာလည်း The Spies Who Loved Me ဆိုတဲ့ဇာတ်ကားထုတ်လွှင့်တော့မှာဖြစ်တာကြောင့် ပရိသတ်တွေကြားလူပြောများနေသူပါ။

(၄) Lee Min Jung


နုပျိုလှပတဲ့သူတွေထဲမှာ မင်းသမီးချော Lee Min Jung ကလည်း မေ့ထားလို့မရတဲ့ သူတစ်ယောက်ပါပဲနော်။

(၅) Han Ga In


အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကျဲသွားပေမယ့် ဇာတ်ကားကောင်းတွေမှာပါဝင်ခဲ့တဲ့ Han Ga In ကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေဆဲပါပဲ။

ဒီမင်းသမီး(၅)ဦးကတော့ အသက်(၄၀)လို့ထင်ရက်စရာမရှိအောင်လှပနေသလို ပရိသတ်အချစ်တွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့သူတွေပါပဲနော်..
Source : kstarlive

Check Also

ထိပ်တန်းမင်းသားPark Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ မေကတော့ Park …