ဖားကန့်မှာ မြေပြိုကျတယ်ဆိုတဲ့ သတင်းကြောင့် ငိုခဲ့ရတယ်ဆိုတဲ့ ချစ်သုဝေ

မြန်မာနိုင်ငံ ဖားကန့်မြို့မှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး မိသားစုဝင်တွေနဲ့ ထပ်တူ တစ်နိုင်ငံလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ မထင်မှတ်ထားတဲ့ သဘာ၀ ဘေးအန္တရယ်ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို မိသားစုတွေ သေကွဲကွဲရတဲ့ ဖြစ်ရပ်ကြီးက တကယ်ကိုတုန်လှုပ်စရာကောင်းလွန်းခဲ့တာပါ ။ ဒီသတင်းတွေကြောင့် တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်ကြရပြီး ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြပါဘူး ။ ပရိသတ်အချစ်တော် မင်းသမီးလေး …

Read More

ပခုက္ကူမှာ သစ်ပင်တွေစတင်စိုက်ပျိုးနေပြီဖြစ်တဲ့ နေထူးနိုင်

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်နေထူးနိုင်ကတော့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့လမ်းသစ်ထွင်ကြိုးစားမှုတွေကြောင့် အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ ပျက်စီးနေတဲ့ဗွီဒီယိုလောက ပြန်လည်ဦးမော့လာစေရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ မကြာသေးခင်ကမှ စတန့်ဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးဖို့ စတန့်စတူဒီယိုတစ်ခုလည်း ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒါ့အပြင်နေထူးနိုင်ကတော့ ရေနံချောင်းသားတစ်ယောက်ပီပီ မိမိရပ်ရွာပတ်ဝန်းကျင် သာယာအေးချမ်းစေရေးအတွက် နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲတွေပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေသူတစ်ယောက်ပါ။ လွန်ခဲ့တဲ့နှစ်ကတော့ ချောက်မြို့မှာ သစ်ပင်စိုက်ပျိုးခဲ့ပြီး ဒီနှစ်မှာတော့ ပခုက္ကူမှာ သစ်ပင်စိုက်ပျိုးဖို့ စီစဉ်ခဲ့ပါတယ် ပရိသတ်ကြီးရေ… ဒေသခံတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာတော့ မနေ့က စတင်ပြီး …

Read More

မြန်မာအမျိုးသမီးများနေ့အတွက် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကျက်သရေကို ဖော်ကျူးထားတဲ့ မိုးထက်ရဲ့ သီချင်းလေး

မိုးထက်ကတော့ လူငယ်ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားအောင်မြင်တဲ့ လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အမိုက်စားစကားလုံးတွေနဲ့ သီချင်းစာသားတွေကြောင့် လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မိုးထက်ကတော့ မနေ့က ဇူလိုင်လ (၃)ရက်နေ့မှာကျရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိလာခဲ့ပါတယ်။ သီချင်းလေးကတော့ လူငယ်တွေအကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းပုံစံလေးဖြစ်ပြီး သီချင်းလေးထဲမှာ တန်ဖိုးရှိလှတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ဂုဏ်ကျက်သရေရှိလှတဲ့ အပြုအမူအပြောအဆို အနေအထိုင်တွေကို ဂုဏ်ပြုဖော်ညွှန်းရေးသားဖွဲ့ဆိုထားတာပဲဖြစ်ပါတယ်။မိုးထက်ကိုယ်တိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒီသီချင်းလေးနဲ့ အတူ …

Read More

ပထမ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဖြတ်သန်းနေတဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်စမိုင်းလ်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ ပထမ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး တစ်နေ့တာကို ဖြတ်သန်းနေခဲ့ပါတယ်။စမိုင်းလ်က အမြဲတမ်းလိုလို အလှူအတန်းတွေကိုလည်းပြုလုပ်နေခဲ့ပြီး ဘုရားတရားလည်း ကိုင်းရှိုင်းပြီး လူကြီးမိဘတွေအပေါ်မှာလည်းသိတတ်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပါ။ ဒီနေ့ပထမဝါဆိုလပြည့်နေမှာလည်း နေအိမ်မှာ ကိုးကွယ်ထားတဲ့ မြတ်စွာဘုရားကို ဓါတ်ကြီးလေးပါးဆွမ်း ယာဂုဆွမ်း များဖြင့်ဆက်ကပ်ပြီး ပရိတ်ပဌာန်းများဖြင့်ရှစ်ခိုးပူဇော်ကာ ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကာ လပြည့်နေ့တစ်နေ့တာကိုဖြတ်သန်းနေခဲ့ပါတယ်။စမိုင်းလ်က သူ့ရဲ့ပရိသတ်တွေ သာဓုခေါ်ဆိုလို့ရအောင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့တာတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ …

Read More

သားငယ်မွေးနေ့အလှူအဖြစ် ကျိုက်မရောဆရာတော်ဆီမှာ သိန်း(၁၀၀)လှူဒါန်းပေးခဲ့တဲ့ ဒေါ်သီသီဝင်း

ရုပ်ရှင်သရုပ်ဆောင်စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းအမြဲမပြတ်ပြုလုပ်လေ့ရှိတဲ့မိသားစုလေးဖြစ်တာကြောင့် စည်ဖြိုးကိုသာမက ကျန်မိသားစုဝင်တွေကိုပါ ပရိသတ်တွေလည်း ရင်းနှီးနေလောက်ပြီထင်ပါတယ်။ မိသားစုလိုအင်မှန်သမျှဖြည့်ဆည်းပေးတတ်တဲ့ ဖေဖေ၊ မေတ္တာဓာတ်ကြီးလွန်းတဲ့ အန်တီဒေါ်သီသီဝင်း၊ စည်ဖြိုးနဲ့ ညီငယ်ဖိုးပြည့်တို့ ကတော့ တကယ်ကိုအားကျစရာကောင်းတဲ့မိသားစုဘဝကို တည်ဆောက်ထားသူတွေပါ။ ဒီနေ့ကတော့ သားငယ်ဖိုးပြည့်ရဲ့(၂၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး စည်ဖြိုးကတော့ ဒီနေ့ကျရောက်တဲ့ ညီငယ်ရဲ့မွေးနေ့မှာ “Happy Birthday .. ပြည့်လေးရေ …ကိုယ့် ညီကို ပွဲထုတ်စရာမလိုအောင် စီးပွားရေးမှာအောင်မြင်ပြီးသားမို့ ..အချစ်ရေး …

Read More

ဖားကန့်မှာ သီချင်းလာဆိုရင် မင်းတို့ကိုပေးဖို့ အနွေးထည်တွေစုထားတယ်လေကွာလို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ ဒေါင်းဝေ

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေကတော့ ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေသာမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ အများဆုံးတွေ့မြင်နေရသူတစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်အပြင် ဝါသနာပါရာဂီတခရီးလမ်းကိုလျှောက်လှမ်းရင်း ပရိသတ်တွေအတွက် သီချင်းအစ်တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ နယ်ဖျော်ဖြေပွဲတွေသွားနေသူရမို့ လတ်တလောမြေပြိုမှုဖြစ်ပွားခဲ့တဲ့ဖားကန့်မှာ ရင်းနှီးခဲ့ရတဲ့သူငယ်ချင်းတွေအတွက် သူ့ရင်ထဲက ခံစားချက်တချို့ကို ရေးသားမျှဝေခဲ့ပါတယ်။ “သူငယ်ချင်းတွေ ကျွန်တော့ကိုချစ်တဲ့ပရိတ်သက်ညီအကိုတွေ ဘဝဆက်တိုင်းဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့မကြုံကြပါစေနဲ့ … ဘယ်ကောင်မှဖုန်းဆက်မရဘူး စိတ်ပူလိုက်တာကွာ… ငါဒီတစ်ခေါက်ဖားကန့်သီချင်းလာဆိုရင်မင်းတို့အတွက်လက်ဆောင်… အနွေးအင်္ကျီတွေစုထားပြီးသားပါကွ” ဆိုပြီး သူငယ်ချင်းတွေအတွက် ဖြေမဆည်နိုင်ဖြစ်နေကြောင်း …

Read More

တောင်ပေါ်မြေကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်တဲ့ အက်စတာ

အက်စတာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် မြန်မာအိုင်ဒေါ Season (4)ရဲ့ Winner ဆုကြီးကိုပါ ရရှိခဲ့တဲ့ သူပါ။ လတ်တလောမှာတော့ အက်စတာက မြန်မာအိုင်ဒေါက ညီအစ်ကို မောင်နှမတွေနဲ့ ပေါင်းပြီး သီချင်းလေး ထွက်ရှိဖို့ ကြိုးစားနေတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ အက်စတာကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ကိုချစ်တဲ့ ပရိသတ်တွေကို တောင်ပေါ်ဒေသတွေကိုလာလည်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ “တောင်ပေါ်မြေကိုလာလည်ပါ စိမ်းလန်းနေတဲ့တောင်တန်းလေးနဲ့ …

Read More

အဝတ်စားတစ်ထောင်ကျော် ပရိသတ်ကိုမျှဝေတုန်းကရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေခဲ့တဲ့ နန်းဆု

ပျိုမြစ်နုနယ်မှုတွေရဲ့ဘုရင်မလို့ တင်စားလို့ရတဲ့နန်းဆုကတော့ အသက်တွေကြီးလာလည်း မပြောင်းလဲတဲ့ရုပ်ရည်ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်းအားကျနေရသူပါ။ စိုပြေလှပတဲ့အသားအရည်၊ ဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်တဲ့မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ နန်းဆုကတော့ မကြာသေးခင်က တစ်ကမ္ဘာလုံးမှာဖြစ်ပွားခဲ့တဲ့ကိုဗစ်ကြောင့် အိမ်မှာနေရတဲ့ကာလအတွင်းမှာ သူအနုပညာအလုပ်တွေလုပ်ရင်းဝတ်ခဲ့တဲ့ အင်္ကျီတချို့ကို ပြန်ရှင်းရင်းပရိသတ်တွေအတွက် မဲဖောက်ပေးတဲ့အစီအစဉ်လေးကို ပြုလုပ်ခဲ့ပါတယ်။ အဝတ်အစားတစ်ထောင်ကျော်ထဲက မိဘမဲ့ကလေးကျောင်းကို လှူလို့ရတဲ့အင်္ကျီတချို့ကို လှူပေးခဲ့ပြီး ပရိသတ်အတွက်ပါ Fb Live လွှင့်ပြီး မဲဖောက်ပေးခဲ့တာပါ။ ဒီနေ့မှာတော့ ပရိသတ်တွေအတွက် …

Read More

သီချင်းတွေကို ဖန်တီးတဲ့နေရာမှာ တန်ဖိုးအရှိဆုံး တီးခတ်ပေးတဲ့ တီးBoy အတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ Mooler

Mooler ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး အာင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပါ။ Mooler ကလက်ရှိမှာ ကိုယ်ပိုင်တေးသီချင်းတွေထွက်ရှိအောင် ကြိုးစားနေတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ လတ်တလောမှာတော့ Mooler က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သီချင်းတွေကိုဖန်တီးတဲ့နေရာမှာ စေတနာအပြည့်နဲ့ တန်ဖိုးအရှိဆုံးတီးခတ်ပေးတဲ့ တီး Boy ရဲ့မွေးနေ့အတွက်ကို မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ “Happy Birthday တီးBoy. အကူအညီများစွာကြောင့်လည်းကျေးဇူးတင်သလို …

Read More

ဒီနေ့မှာ အသက် (၃၉)နှစ်ပြည့်သွားခဲ့တဲ့ အဆိုတော်ဟဲလေး

အဆိုတော်ဟဲလေးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်လောက်ကတည်းကနေ အခုချိန်အထိပရိတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားပြီး အောင်မြင်မှုတွေကိုထိန်သိမ်းထာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်လ (၄)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ဟဲလေးရဲ့မွေးနေ့ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့မွေးနေ့ရက်မြတ်လေးမှာတော့ အဆိုတော်ဟဲလေးဟာ အသက် (၃၉)နှစ်ပြည့်မြောက်သွားတဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ အသက်(၃၉)နှစ်မြောက်တဲ့အကြောင်းကိုလည်းဟဲလေးက သူ့ရဲလူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါသေးတယ်။ ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ အဆိုတော်ဟဲလေးတစ်ယောက် အနုပညာလောကမှာဒီထက်မကပိုမိုအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်ရင်ထဲကိုရောက်တဲ့ သီချင်းကောင်းလေးတွေကို ပိုမိုဖန်တီးနိုင်စေဖို့ …

Read More