Breaking News

Recent Articles

အထီးကျန်ပြီး ညတိုင်း မျက်ရည်တွေနဲ့ကြိတ်မှိတ်အိပ်ခဲ့ရကြောင်းပြောပြလာတဲ့ ပိုပို

တေးသံရှင်ပိုပိုကတော့ မိဘတွေမရှိတော့ထဲက အဘွားဖြစ်သူနဲ့အတူ ကြီးပြင်းလာရတဲ့သူဆိုတာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ ပိုပိုကတော့ အဘွားမရှိကတည်းက အထီးကျန်ခဲ့တာ အခုတော့ အကျင့်ဖြစ်နေခဲ့ပြီ လို့ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ အဘွားဆုံးခဲ့တာ (၉) နှစ်ရှိပြီဖြစ်ပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာတော့ (၁၇) နှစ်ရှိခဲ့ပြီလို့ သိရပါတယ် ။ လတ်တလောမှာတော့ ပိုပိုက သူမရဲ့ ခံစားချက်အချို့ကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ လေးဘက်ပိုးလိုပဲ အေးရင် အရိုးထဲက တစ်ခါတစ်ခါထထကိုက်တယ် နေမကောင်းဖြစ်ရင် ခွေးလေးတွေ အီသလို အီတတ်လို့”ဘာဖြစ်လဲ ငါ့မြေး နေမကောင်းဘူးလားလို့” ထမေးမဲ့ အဘွားမရှိလို့ နှာတောင်မစေးချင်ဘူး ညဘက်အိပ်ရင် တစ်ယောက်တည်း အိပ်ရတာကြိုက်တတ်လာခဲ့ပေမဲ့ တစ်ခါတလေ နွေးထွေးမှူ လိုအပ်တယ် စောင် ပဲထထ ခြုံပြီး …

Read More »

အနေတည်ပြီး အရမ်းရှက်တတ်လွန်းတဲ့ အောင်သူရဲ့အကျင့်ကို မျှဝေလာတဲ့ ပိုးအိအိခန့်

ပရိသတ်ရဲ့အချစ်တော်နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ မြင်သူတိုင်းအားကျရလောက်တဲ့ ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားသူတွေပါ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်တော့တဲ့ ပိုးအိအိခန့်ကတော့ သားကိုးလေးကိုထိန်းကျောင်းရင်း လူမှုကွန်ရက်ပေါ်မှာပဲ ပရိသတ်တွေအတွက် တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အနေတည်ပြီးရှက်တတ်လွန်းတဲ့ အောင်သူရဲ့အကျင့်ကို မျှဝေခဲ့ပါတယ်။ “အိမ်ထောင်ကျပြီး သိပ်မကြာ ကျွန်မကို ကိုအောင်သူ့အမေ က ပြောပြဖူးတယ်… ဘောလုံးပွဲကြည့်တိုင်း ဘေးကပရိသတ်တွေက အောင်သူ့ကို မာနကြီးတယ် မတူသလို မတန်သလိုဖြစ်တယ်လို့ ပြောကြလို့… သားကို အမြဲမှာတယ်တဲ့… ဘယ်လိုမှာတာလဲဆိုတော့ “သားရယ် ဘောလုံးကွင်းထဲရောက်ပြီဆိုရင် ခေါင်းလေးမော့ပြီး လက်လေး ပြလိုက်ပါ သားလက်ပြတာ မောင်ဖြူ့ကိုလည်း မဟုတ် မောင်နီ့ကိုလည်းမဟုတ်ပါဘူးသားရယ် အဲ့ဒါလေးတော့ လုပ်ပြလိုက်ပါ ငါ့သားရဲ့” ဘယ်လောက်မှာမှာ ပွဲရောက်လို့ ကြည့်လိုက်ရင် သိပ်ရှာစရာမလိုဘူး …

Read More »

ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဒီဇိုင်နာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်မှုရရှိထားသလို အနုပညာရှင်တွေနဲ့ အမြဲလိုလို တတွဲတွဲတွေ့မြင်နေရသူကတော့ ဒီဇိုင်နာမျိုးမင်းစိုးပါ။ သူကတော့ အလုပ်ကို သေချာတန်ဖိုးထားလုပ်လေ့ရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ရလာတဲ့ ချွေးနှဲစာပိုက်ဆံတွေကိုလည်း သူတစ်ပါးကို ကူညီလှူဒါန်းပေးဖို့သာ အသုံးချလေ့ရှိသူတစ်ယောက်မို့ လူချစ်လူခင်ပေါများသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူကိုယ်တိုင်လည်း သရုပ်ဆောင်အနုပညာအလုပ်ကို ဝါသနာပါသူတစ်ယောက်မို့ အားလပ်ချိန်တိုင်းမှာ Tik Tok ဆော့လေ့ရှိသလို အနုပညာရှင်တွေလာတိုင်းလည်း Tik Tok ဗွီဒီယိုလေးကို တွဲပြီးရိုက်လေ့ရှိသူပါ။ ဒီရက်ပိုင်းမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးတစ်ယောက် မြန်မာဝတ်စုံနဲ့ပဲ အမြဲမြင်နေရတဲ့ပရိသတ်တွေ အမြင်ဆန်းအောင် ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကူးထားတဲ့ပုံတွေကို မျှဝေလျက်ရှိပြီး မကြာသေးခင်ကမှ အနောက်တိုင်းဝတ်စုံနဲ့ပုံတွေကို မျှဝေခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအံ့အားသင့်သွားစေလောက်တဲ့ ခေတ်အဆက်ဆက် မြန်မာအမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံမျိုးစုံနဲ့ ဓာတ်ပုံတွေကို မျှဝေလာပါတယ်။ ပုဂံခေတ်ကစလို့ ကိုလိုနီခေတ်လောက်အထိ …

Read More »

အဘိုးဖြစ်သူ ဆုံးပါးသွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် အားပေးသူပရိသတ်အခိုင်အမာရရှိလာတဲ့ မိုးသိုလေးကတော့ မနေ့ညက စိတ်မကောင်းစရာကိစ္စတစ်ခုကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ အဘိုးဖြစ်သူ ဆုံးပါးသွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အေးမြဖြူရဲ့အဘိုးကတော့ အဆုတ်မကောင်းတော့တာ ကြာပြီဖြစ်ပြီး မနေ့ညက ဆုံးပါးသွားခဲ့တာပါ။ အေးမြဖြူရဲ့ဆုံးရှုံးမှုအတွက် အနုပညာရှင်တွေနဲ့ ပရိသတ်တွေကတော့ အားပေးစကားပြောခဲ့ကြပြီး အဘိုးဖြစ်သူ ကောင်းရာသုဂတိရောက်ဖို့အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် မိုးသိုကတော့ အဘိုးဖြစ်သူကြောင့်သာမက ဒီရက်ပိုင်း စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေချည်းပဲ ဆက်တိုက်ဖြစ်နေလို့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်ကို ပိတ်ထားတာဖြစ်ကြောင်းလည်း My Day မှာ ရေးသားမျှဝေခဲ့ပါသေးတယ်။ အေးမြဖြူကတော့ နာမည်လေးအတိုင်း စိတ်ထားဖြူစင်သလို အေးအေးချမ်းချမ်းနေလေ့ရှိသူဖြစ်ပေမယ့် ဒီရက်ပိုင်းစိတ်ရှုပ်စရာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့အပြင် အဘိုးဖြစ်သူကိုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်ဆိုတော့ တကယ်စိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ… ဒီလိုအခက်အခဲကာလကြီးမှာ စိတ်မချမ်းမြေ့စရာကြုံတွေ့ခဲ့ရတဲ့ မိုးသိုလေးအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း …

Read More »

ထရက်ရှာလေးအသက် တစ်နှစ် နှစ်လအမှတ်တရအနေနဲ့ အလှူဒါနလေးပြုလုပ်ပေးခဲ့တဲ့ မေမေစန္ဒီမြင့်လွင်

ပရိသတ်အချစ်တော် Rapper မလေးစန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးကတည်းက မိသားစုကိုပဲအများဆုံးအချိန်ပေးပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်နေသူပါ။ မေမေ့လိုပဲ အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးထရက်ရှာကို ထိန်းကျောင်းရင်း ထရက်ရှာလေးနဲ့တနေ့တာ အကြောင်းအရာလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့ကတော့ ထရက်ရှာရဲ့အသက်တစ်နှစ် နှစ်လပြည့်မွေးနေ့လေးဖြစ်ပြီး ဒီဒီးကတော့ သမီးလေးမွေးနေ့အမှတ်တရ ကာလဒါနအလှူလေးအနေနဲ့ ရွှေမြိုင်သီရိသီလရှင်ကျောင်း၊ ကန်ဦးဘုန်းဘုန်းကျောင်း နဲ့ ဆရာတော်အရှင်မုနိန္ဒ တို့ကို ဆန်၊ဆီ ဝတ္ထုများလှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ထရက်ရှာလေးရဲ့တစ်နှစ်ပြည့်မွေးနေ့ကိုတော့ YGW မိဘမဲ့ကျောင်းမှာ အာဟာရဒါနလှူဒါန်းပေးဖြစ်ခဲ့ပြီး ထရက်ရှာ တစ်နှစ်နဲ့ နှစ်လပြည့်မှာလည်း အမှတ်တရအလှူလေးအနေနဲ့ ဆန်၊ဆီနဲ့ဝတ္ထုငွေတွေကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအလှူလေးကိုတော့ (၇) ရက်သား၊သမီးအားလုံးကိုယ်စားလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားမျှဝေခဲ့တာမို့ ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ Source – Sandi Myint …

Read More »