Ar-T ကိုတော့ မြူးကြွတဲ့တေးသီချင်းကောင်းတွေနဲ့အတူ ဆန်းသစ်တဲ့ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်တွေသတိထားမိကြတာပါ။ …
Read More »ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိသတ်အချစ်တော် ကျော်ထက်အောင်
ပရိသတ်ကြီးရေ ဒီနေ့စက်တင်ဘာလ(၁၄) ရက်နေ့လေးကတော့ ကျော်ထက်အောင်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ ကျော်ထက်အောင်ကတော့ မြန်မာနိုင်ငံရဲ့ပရိသတ်အားပေးမှု အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ Host တစ်ယောက်အနေနဲ့ ပရိသတ်အသိမှတ်ပြုခြင်းရရှိခဲ့သူပါ။ ယောကျာ်းပီသတဲ့ အရပ်အမောင်းနဲ့ တည်ကြည်ခန့်ညားတဲ့စကားပြောဟန်တွေကြောင့် ကျော်ထက်အောင်ကိုတော့ မိန်းကလေးပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပြီး အခုဆိုရင်တော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာလောကထဲကို လျှောက်လှမ်းလာခဲ့ပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ.. အားပေးသူအမာခံပရိသတ်များစွာကို ပိုင်ဆိုင်ထားပြီး ဒီနေ့သူ့ရဲ့မွေးနေ့လေးမှာလည်း အနုပညာရှင်များနဲ့ ပရိသတ်များက ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ဒီကနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး အောင်မြင်မှုတွေများစွာနဲ့ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်နော်။ Source – Kyaw Htet Aung Rainbow- Cele Gabar
Read More »