Breaking News

Recent Articles

ချစ်ရတဲ့သူတွေနဲ့အတူ မိဘမဲ့ကျောင်းတွေအတွက် မုန့်တွေလှူဒါန်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ထက်ထက်မိုးဦးကတော့ သူ့ရဲ့ချစ်ရတဲ့ ပရိသတ်တွေနဲကအတူစုပေါင်းပြီး သူတတ်နိုင်သလောက်အလှူလေးတွေပြုလုပ်နေခဲ့ပါတယ်။ ထက်ထက်ကတော့ သူရဲ့ချစ်ရတဲ့ သူတွေနဲ့စုပေါင်းပြီး အမြဲတမ်းလိုလို အလှူတွေကို ပြုလုပ်လေ့ရှိသူပါ။ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ကြောင့် ဖွင့်လှစ်ထားတဲ့ ကွာရာတင်းစင်တာတွေမှာလည်း မုန့်တွေ အချိုရည်ဘူးတွေ ရေဘူးတွေနဲ့ လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ထက်ထက်က သူ့ရဲ့ပရိသတ်တွေနဲကအတူ မန္တလေးမှာရှိတဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကျောင်း တို့ကို မုန့်တွေလှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။ ထက်ထက်က လှူဒါန်းတဲ့အလှူတွေကို သူကိုယ်တိုင်လိုက်လံလှူဒါန်းချင်ပေမဲ့လည်း သူ့ရဲနှလုံးရောဂါကျန်းမာရေးအခြေအနေနဲ့ ကိုဗစ်ကာလလည်းဖြစ်နေတာမို့ဂရုစိုက်နေရတဲ့အတွက် ကိုယ်တိုင်လိုက်လံမလှူဒါန်းရတဲ့အတွက် စိတ်မကောင်းဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ထက်ထက်ကတော့ ကိုဗစ်ပြီးရင်သူငယ်ငယ်ကလို အလှူကြီးတွေအတူတူလုပ်သွားဦးမှာပါတဲ့နော်။ Chilli – CeleGabar Source – …

Read More »

မှန်ကင်းပရဟိတကျောင်းက ကလေးတွေအတွက် မုန့်တွေသွားရောက်လှူဒါန်းခဲ့တဲ့ ဇွဲဝေယံထက် နဲ့ ဇွဲဝေယံထူး

ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ ညီအစ်ကို နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ကလေးသရုပ်ဆောင်နှစ်ယောက်ပဲဖြစ်ပါတယ်။ အသက်သာငယ်ပေမဲ့ အနုပညာအရည်အသွေးအပြည့်အဝရှိပြီး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ ကလေးတွေလည်းဖြစ်ပါတယ်။ ဇွဲဝေယံထက် ဇွဲဝေယံထူးတို့ ညီအစ်ကိုကတော့ လူကြီးမိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာပြီး ဘာသာတရားလည်းကိုင်းရှိုင်းကာ အလှူအတန်းတွေကိုလည်း အားတက်သရောနဲ့ ပြုလုပ်နေခဲ့ပါသေးတယ်။ဒီနေ့မှာလည်း ညီအစ်ကိုနှစ်ယောက်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၆)ရပ်ကွက်၊ ပုဏ္ဏမီလမ်းနှင့်ကျန်စစ်သားလမ်းထောင့်၊ မှန်ကင်း ပရဟိတကျောင်းတိုက်အမှတ် (၂)မှာရှိတဲ့ မိဘမဲ့ကလေးတွေအတွက် မုန့်တွေသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ မှန်ကင်းကျောင်းအတွက်ကိုတော့ ဒီလိုအလှူလေးကို ဇွဲဝေယံထက်၊ဇွဲဝေယံထူးတို့ညီအစ်ကိုက လစဉ်လတိုင်း သွားရောက်ပြုလုပ်နေခဲ့တာလို့လည်း သိရှိရပါတယ်။ CeleGabar ပရိသတ်ကြီးရေ အသက်ငယ်ငယ်နဲ့ အလှူအတန်းတွေကို အားတက်သရောလုပ်ဆောင်နေတဲ့ အမွှာညီအစ်ကိုရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူးဖွယ်ရာပါပဲနော်။  Chilli – …

Read More »

ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ သိန်း(၂၀)ဖိုးနီးပါး ကလေးတွေအတွက် သွားရောက်လှူဒါန်းလိုက်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာကိုသွားရောက်ပြီး အလှူလေးတစ်ခုသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးမျာ ဂေဟာမှာရှိတဲ့ ကလေးတွေအတွက် လိုအပ်တာတွေကို ဒီဒီး သူတတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးခဲ့တာပါ။ ကလေးတွေအတွက် အထွေထွေအသုံးစရိတ်အဖြစ် အလှူငွေ ငွေသား (၃)သိန်းနဲ့ အတူ (ငွေကျပ် (၁၆)သိန်း ခန့်) တန်ဖိုးရှိတဲ့ Plume Small Baby ပစ္စည်းများ၊ OHGIYA Cheese များ သွားရောက်လှူဒါန်းပေးခဲ့ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူ့ရဲ့ဂေဟာကကလေးတွေအတွက်အခုလို လိုအပ်တာတွေလာရောက်လှူဒါန်းပေးတဲ့ စန္ဒီမြင့်လွင်ကို ကျေးဇူးတင်ရှိကြောင်း နဲ့ အလှူမှတ်တမ်းပုံရိပ်လေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ အလှူမှတ်တမ်းပုံရိပ်လေးနဲ့ အတူ အခုလိုလာရောက်လှူဒါန်းပေးတဲ့ အတွက် ဒီဒီးတို့မိသားစုတွေ ဆန္ဒနဲ့ ဘဝ တထပ်ထဲကျပါစေ..စိတ်ရော …

Read More »

ဒီနေ့မှာ အသက် (၂၆)နှစ်ပြည့်မြောက်သွားတဲ့ ပရိသတ်အချစ်တော် မင်းသားချော စည်သူဝင်း

စည်သူဝင်းကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော စည်သူဝင်းရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော စည်သူဝင်းကတော့ ဒီနေ့ဇန်နဝါရီလ (၃၁)ရက်နေ့ မွေးနေ့ရက်လေးမှာတော့ အသက် (၂၆)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ Happy Birthday ပါ ကိုရိုစည်ရေ။ ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်လေးကနေ စလို့ အနုပညာလောကမှာ ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း သက်ဆုံးတိုင်ရရှိနိုင်ပါစေလို့ CeleGabar ကနေမွေးနေ့ဆုမွန်ကောင်တောင်းပေးလိုက်ပါတယ်နော်။ CeleGabar ပရိသတ်ကြီးတွေလည်း ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော စည်သူဝင်းရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရက်လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။ Chilli – CeleGabar Photo …

Read More »

အိုးကြီးအိုးငယ်နဲ့ဟင်းချက်ရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူးဆိုတဲ့ ပွင့်နဒီမောင်

ပရိသတ်ကြီးရေ တခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေး ပွင့်နဒီမောင်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့အချိန်မှာ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ဝက်နံရိုးမီးတောက် ကို ကိုယ်တိုင်ချက်ပြုတ်ပြီး ရောင်းချနေတာ ဖြစ်ပါတယ် ။ လက်ရာကောင်းလွန်းတဲ့အတွက် အားပေးတဲ့ပရိသတ်တွေအများအပြားရှိခဲ့ပြီး လက်မလည်အောင်ကို ရောင်းချနေရတာပါ ။ လတ်တလောမှာတော့ ပွင့်နဒီမောင်က ကျွန်မက ဟင်းချက်လည်းပျော်နေတာပဲ အိုးကြီး အိုးငယ်နဲ့ ဟင်းချက်ရမယ်လို အိမ်မက်ထဲမှာတောင်မမက်ဘူး လုပ်ငန်းတစ်ခုဆိုတာ စဖို့အရမ်းလွယ်ပါတယ် နာမည်တစ်ခု ရဖို့ ရေရှည်ရပ်တည်ဖို့ဆိုတာ တကယ်မလွယ်တဲ့အရာဆိုတာသေချာပါတယ် ဘာလိုလိုနဲ့ ကျွန်မတို့ဈေးရောင်းခဲ့တာ တစ်နှစ်ပြည့်ဖို့ရက်ပိုင်းပဲလိုတော့တယ် ဆိုတဲ့စာသားလေးနဲ့အတူ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူမဝါသနာပါတဲ့ အရာလေးကိုလုပ်ရင်း ပရိသတ်တွေအားပေးမှုကြောင့် ပျော်ရွှင်နေရကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။       …

Read More »