Breaking News

Recent Articles

ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့အမှတ်တရ “Memories” cover သီချင်းလေး

ပရိသတ်ကြီးရေ နာမည်ကြီးအဆိုတော်ကြီးဖြစ်တဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ကတော့ အနုပညာလောက ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရပ်တည်နေပြီပဲဖြစ်ပါတယ်။ ဒီနေ့ဇန်နဝါရီလ (၁၄)ရက်နေ့လေးကတော့ ပန်းရောင်နဲ့ ပန်းသွန်းတို့ညီအစ်မနှစ်ယောက်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့လေးပါ။ ပန်းရောင်နဲ့ ပန်းသွန်းတို့ ညီအစ်မနှစ်ယောက်ကတော့ (၅)နှစ်ကြီး (၅)နှစ်ငယ် ညီအစ်မတွေဖြစ်ပေမဲ့ ထူးထူးခြားခြား မွေးနေ့ရက်က တစ်ရက်တည်းတူတဲ့ ညီအစ်မတွေပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းရောင်နဲ့ ပန်းသွန်းကတော့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Memories ” သီချင်းလေးကို Cover အနေနဲ့ ပြန်လည်သီဆိုခဲ့ပြီး ပရိသတ်တွေအတွက် မွေးနေ့အမှတ်တရလက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။ ပန်းရောင်နဲ့ ပန်းသွန်းတို့ နှစ်ယောက်ရဲ့ ငယ်ဘဝအမှတ်တရပုံလေးတွေကိုလည်း သီချင်းရဲ့ MTV လေးထဲမှာ …

Read More »

အဘိဓမ္မာ (၇) ကျမ်းကို နေ့ညမပြတ်ဘဲ (၁၁) ရက်တိတိ ပူဇော်မယ့် သံဃာတော် (၂၄) ပါး အတွက် အလှူငွေ (၁၁) သိန်း လှူဒါန်းခဲ့တဲ့ ဆုအိမ့်စံ

အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး လက်ရှိမှာလည်း ကြော်ငြာတွေနဲ့ Live Sale လေးတွေလုပ်နေတဲ့ ဆုအိမ့်စံ တစ်ယောက် သူမရဲ့အနုပညာကြေးထဲကနေ အဘိဓမ္မာ (၇) ကျမ်း ကို နေ့ညမပြတ်အသံမစဲ မဟာပဌာန်းပွဲအဖြစ် ရွတ်ဖတ်ပူဇော်မယ့် သံဃာတော် (၂၄) ပါးအတွက် အလှူငွေ (၁၁) သိန်းလှူဒါန်းခဲ့ပါတယ်။   အလုပ်တွေကောင်းသလို စေတနာလည်းကောင်းတဲ့ ဆုဆုတစ်ယောက် ဒီထက်မက အောင်မြင်နိုင်ဖို့ ပရိသတ်တွေက ဆုတောင်းစကားတွေအများကြီးပြောခဲ့ပါတယ်။ (၂၀၂၁) နှစ်သစ်အတွက် သူမရဲ့အလှူဒါနလေးဖြစ်ပြီး အားလုံးလည်းသူမနဲ့ထပ်တူ ကုသိုလ်ရစေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။   ဒီလိုကြည်နူးစရာအလှူပုံရိပ်လေးတွေကို ” နှစ်သစ် အလှူလေးပါ အဘိဓမ္မာ (၇) ကျမ်းလုံးအား နေ့ညမပြတ်အသံမစဲတရားကို (၁၁) ရက်တိတိ ရွတ်ဖတ်ပူဇော်မည့်သံဃာတော် (၂၄) ပါး …

Read More »

ကိုဗစ်ကာကွယ်ဆေးအတွက် ရန်ပုံငွေရှာတဲ့ပွဲမှာ အဆိုတော် J-fireနဲ့အတူ သရုပ်ပြထိုးသတ်သွားမယ့် မိုးအောင်ရင်

ပရိသတ်ကြီးရေ သရုပ်ဆောင်မိုးအောင်ရင် နဲ့ အဆိုတော် J Fire တို့ နှစ်ယောက်ဟာ သရုပ်ပြဘောက်ဆင်ပွဲ ထိုးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ ဒီပွဲလေးကို Burmese Street Boxing က စီစဉ်ပေးပြီး သုဝဏ္ဍလက်ဝှေ့အဖွဲ့ချုပ်စခန်းမှာ ဖေဖော်ဝါရီ ပထမအပတ်ထဲလုပ်သွားမှာဖြစ်ပါတယ် ။ အချိန်ကတော့ မနက် ၁၁ ကနေ ညနေ ၄ နာရီအထိဖြစ်ပြီး ဒီသရုပ်ပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကိုဗစ်ကာကွယ်ဆေးဝယ်ယူရာမှာ တစ်ထောင့်တနေရာက ရန်ပုံငွေရအောင် ဝိုင်းကူညီကြတာပဲဖြစ်ပါတယ် ။ မိုးအောင်ရင် အပါအဝင် နောက်ထပ် Celebrity ကိုးယောက်လည်းပါဝင်ထိုးသတ်သွားမှာပါ ။ သုံးမိနစ်သုံးချီ တစ်မိနစ်နားစနစ်ဖြစ်တဲ့အကြောင်းကိုလည်း မိုးအောင်ရင်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ ပွဲနေ့ကို ရုပ်သံထုတ်လွှင့်ရေးတစ်ခုကနေ တိုက်ရိုက်လွှင့်ပြမှာဖြစ်ပြီး …

Read More »

ပရိသတ်တွေ က ဖေဖေလို့စနောက်ခေါ်နေကြတဲ့အပေါ် စိတ်မဆိုးပါဘူးဆိုတဲ့ လူကြမ်သရုပ်ဆောင် မင်းမင်း

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကတော့ လတ်တလောမှာ သူ့ရဲ့သမီးလေး ဇင်စန္ဒာထွန်းကို ပရိသတ်တွေရှေ့ ပွဲထုတ်လာခဲ့ပါတယ် ။ ဒီလောက်ထိ ပရိသတ်တွေက သမီးလေးကို အသိမှတ်ပြုကြလိမ့်မယ်လို့ မထင်ထားခဲ့ပေမယ့် အခုလို အများကြီးအားပေးကြတဲ့အပေါ် လူကြမ်းသရုပ်ဆောင် မင်းမင်းက ဝမ်းသာဂုဏ်ယူနေတာပါ ။ ဖေဖေ လို့ပရိသတ်တွေဝိုင်းစကြတဲ့အပေါ်မှာလည်း စိတ်မဆိုးသလို သမီးလေးအလှည့်ကျမှ ပဲ ပွဲထုတ်ခွင့်ရပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်လာတာကို အရမ်းပီတိဖြစ်မတဲ့ အကြောင်းနဲ့ ကိုမင်းမင်းက သူတို့ခေတ်အခါက ဒီလိုဖြစ်ဖို့ကို အရမ်းကြိုးစားခဲ့ရတာဆိုပေမယ့် သမီးလေးက အချိန်တိုလေးအတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှု အများကြီးရလာတယ်ဆိုတာ သမီးလေးရဲ့ စန်းကြောင့်ပါလို့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ သမီးလေး ဇင်စန္ဒာထွန်းကလည်း အားပေးတဲ့သူတွေများလာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလို ဘာပဲဖြစ်ဖြစ် …

Read More »

ကား (၅) စီးဆင့်တိုက်ခဲ့ပေမယ့်လည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ ဦးကျော်သူ

ဇန်နဝါရီ ၁၃ရက်နေ့ ဒီနေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဖြစ်တဲ့ သရုပ်ဆောင် ဦးကျော် သူ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ ဒီနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ကားရှင်းရင် တစ်ဖက်လမ်းကို ကူးဖို့အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနဲ့ လိုက်ထရပ်ကားကို နောက်မှ အဝေးပြေးခရီးသည် တင်ကားတစ်စီးက တိုက်သွားခဲ့တာဖြစ်ပါတယ် ။၏ ရှေ့ဆုံးမှာ ရပ်နေတဲ့ကားက တစ်ဆင့်ချင်းတိုက်ခံရပြီး ဦးကျော်သူ မောင်းလာတဲ့ နာရေးနိဗ္ဗာန်ယာဉ်ကို ရှေ့ဘေးမှ ဆောင့်တိုက် လိုက်တဲ့အတွက် ဦးကျော်သူက ရှောင်လိုက် သော်လည်း သူ့ရဲ့ ညာဖက်မှာရှိတဲ့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ပိုင်းဘေးဖက် ကို နာရေးကူညီမှုကားက တဆင့် တိုက်မိခဲ့တယ်လို့ သိရပါတယ် ။ …

Read More »