Breaking News

Recent Articles

အသက် (၂၆) နှစ်ပြည့်မွေးနေ့လေးအတွက် နေအိမ်မှာသံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တဲ့ စည်သူဝင်း

ပရိသတ်ကြီးရေ .. ဒီနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့ ကတော့ MRTV-4 မင်းသားလေးတစ်ယောက်ဖြစ်သလို Double Dating အစီစဉ်မှာ ပရိသတ်တွေ ရိုစည်လို့ ချစ်စနိုးခေါ်နေရတဲ့ သရုပ်ဆောင် စည်သူဝင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကတော့ ရိုစည်လေးရဲ့ အသက် (၂၆) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ် ။   ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက် စည်သူဝင်းက သူ့ရဲ့နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တယ်လို့ သိရပါတယ် ။ မွေးနေ့အလှူလေးကို အရှင်ဥတ္တရ-ဝံသ က MRTV-4 မင်းသား ကိုစည်သူဝင်း ( ၂၆ )နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆွမ်းစသည်များ ဆက်ကပ်လှူဒါန်းကုသိုလ်ပြုပါတယ်ဆိုတဲ့ စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် …

Read More »

သူမလှူဒါန်းခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်ဆွမ်းစားကျောင်းဆောင်ကို ပြန်လည်ပြုပြင်လှူဒါန်းတော့မယ့် ထက်ထက်မိုးဦးကို

ပရိသတ်အချစ်တော် နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အလှူအတန်းတွေ အမြဲပြုလုပ်တတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း ပရိသတ်တွေသာဓုခေါ်ဆိုရမယ့် အလှူလေးတစ်ခုကို ပြုလုပ်တော့မှာဖြစ်တယ်လို့သိရပါတယ် ။     ထက်ထက်က သူမ ၁၉၉၉ ခုနစ်ကလှူခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်က အာဟာရသုခ ဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင် လှူဒါန်းဖို့ ဒီနေ့သွားကြည့်ခဲ့တယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ စလှူခဲ့တုန်းကလည်း အလုပ်တွေလုပ်လိုက် လှူလိုက်နဲ့ပဲ ကျောင်းကြီးဖြစ်ခဲ့ပြီး ယခုအခါမှာလည်း အလုပ်တွေလုပ်ရင်းနဲ့ပဲ ပြန်လည်လှူဒါန်းခွင့်ရတာမို့ အရမ်းကိုမှ ပီတိဖြစ်ရတယ် လို့ သူမရဲ့အလှူလေးအကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။     နာယကချုပ်ဆရာတော်ကလည်း “ကျောင်းဒါယိကာမကြီး ဘာမှ မပူနဲ့ ဒကာမကြီးရဲ့ ဆွမ်းစားကျောင်းဆောင်မှာ …

Read More »

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် ပျော်ရွှင်ခဲ့ရကြောင်းနဲ့ မိန်းကလေး ပရိသတ်တွေအတွက် အကြံဉာဏ်လေးအချို့ကို သူမရဲ့လူမှု့ကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။     အခန်းထဲဝင်လာတော့ ကုတင်ပေါ်က သူ့ကို မြင်မြင်ချင်း ခေါင်းထဲဝင်လာတဲ့ အတွေးကsurprise တစ်ခါမှ မလုပ်ဘူးတဲ့ ငါ့ယောက်ကျားဘာဖြစ်သွားတာလဲပေါ့ ??? ပါးစပ်ထဲ ကိုက်ထားတဲ့ စားလေး ဖတ်ကြည့်တော့မှ အဖြစ်မှန်ကို အဓိပ္ပါယ်ပေါက်သွားတယ် ဆိုတဲ့ စာသားလေးနဲ့ အတူ ခင်ပွန်းဖြစ်သူပေးတဲ့ ပန်းစည်းကြီးနဲ့အတူ သူမတို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။ …

Read More »

မကြီးစန်းရယ်လို့ မအောင်မြင်ခင်က ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ ဘဝအမှတ်တရတွေကို ပြန်လည်မျှဝေလာတဲ့ မိတ်ကပ်ခင်စန်းဝင်း

မကြီးစန်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ မိတ်ကပ်ခင်စန်းဝင်းကတော့ မိတ်ကပ်ပညာမှာလူတကာကလေးစားရတဲ့ ဆရာတစ်ဆူပါ။ မကြီးစန်းကတော့ အခုလို အောင်မြင်မှုတွေမရခင်ခက်ခက်ခဲခဲနဲ့ ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ “၁၉၉၅ခုနှစ်လောက်ကပေါ့။ ဘဝအတွက်ရုန်းကန်တက်ကြွတဲ့လူငယ်လေးတယောက် တစ်လကို(၈၀၀)ကျပ်ပေးရတဲ့အိမ်အရှေ့ခန်းလေးကို ဆိုင်ခန်းလုပ်ပြီးဘဝကိုစလျှောက်ခဲ့ရတာပေါ့။ အရင်တုန်းကဖရေဇာအခုအနော်ရထာလမ်းမပေါ်(၃၄)လမ်းထိပ်မှာပေါ့။ အခက်ခဲတွေပေါင်းစုံရင်ဆိုင်ပြီးနေရတဲ့အိမ်ကရွှေပြည်သာမှာ,ည၁၀နာရီအပြင်မထွက်ရအမိန့်နဲ့ဆိုင်လူကျလို့နောက်ကျတဲ့နေ့တွေဆိုအိမ်ပြန်ဖို့မမှီလို့ဆိုင်ရှင်ကလည်းညအိပ်လက်မခံလို့လှေခါးမှာတိတ်တဆိတ်ညအိပ်ခဲ့ရတာတွေဘယ်သူသိနိုင်မလဲ။ သူငယ်ချင်းတွေအိမ်မှာအကူညီတောင်းပြီးညလိုက်အိပ်ပြန်တော့တစ်ညအပြင်(၂)ညဆက်အိပ်ဖို့သူ့ရဲ့ညီအစ်ကိုမောင်နှစ်မတွေကလက်မခံတော့လိုက်အိပ်ခွင့်မရ။ အခန်းဌားပြီးနေဖို့ကျတော့ဆိုင်ခန်းတောင်အမဆွဲကြိုးရောင်းပြီးဌားခဲ့ရတာဆိုတော့ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ တစ်ခါတစ်လေရန်ကုန်ဘူတာကြီးမှာမနက်အစောကြီးရထားစီးဖို့ညကတည်းကစောင့်စီးတဲ့ခရီးသည်လိုလိုတစ်ညလုံးမိုးလင်းခဲ့ရတာတွေလဲရှိခဲ့တယ်။”ဆိုပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများစွာကို ပင်ပန်းစွာနဲ့ ဖြတ်ကျော်ခဲ့ရတာတွေကို မျှဝေဖော်ပြထားခဲ့တာပါ။ Chilli – CeleGabar Source – Khin San Win

Read More »

ချစ်ရတဲ့သူတွေနဲ့အတူ မိဘမဲ့ကျောင်းတွေအတွက် မုန့်တွေလှူဒါန်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ထက်ထက်မိုးဦးကတော့ သူ့ရဲ့ချစ်ရတဲ့ ပရိသတ်တွေနဲကအတူစုပေါင်းပြီး သူတတ်နိုင်သလောက်အလှူလေးတွေပြုလုပ်နေခဲ့ပါတယ်။ ထက်ထက်ကတော့ သူရဲ့ချစ်ရတဲ့ သူတွေနဲ့စုပေါင်းပြီး အမြဲတမ်းလိုလို အလှူတွေကို ပြုလုပ်လေ့ရှိသူပါ။ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ကြောင့် ဖွင့်လှစ်ထားတဲ့ ကွာရာတင်းစင်တာတွေမှာလည်း မုန့်တွေ အချိုရည်ဘူးတွေ ရေဘူးတွေနဲ့ လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ထက်ထက်က သူ့ရဲ့ပရိသတ်တွေနဲကအတူ မန္တလေးမှာရှိတဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကျောင်း တို့ကို မုန့်တွေလှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။ ထက်ထက်က လှူဒါန်းတဲ့အလှူတွေကို သူကိုယ်တိုင်လိုက်လံလှူဒါန်းချင်ပေမဲ့လည်း သူ့ရဲနှလုံးရောဂါကျန်းမာရေးအခြေအနေနဲ့ ကိုဗစ်ကာလလည်းဖြစ်နေတာမို့ဂရုစိုက်နေရတဲ့အတွက် ကိုယ်တိုင်လိုက်လံမလှူဒါန်းရတဲ့အတွက် စိတ်မကောင်းဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ထက်ထက်ကတော့ ကိုဗစ်ပြီးရင်သူငယ်ငယ်ကလို အလှူကြီးတွေအတူတူလုပ်သွားဦးမှာပါတဲ့နော်။ Chilli – CeleGabar Source – …

Read More »