မွေးနေ့လေးမှာစည်ပင်ဝန်ထမ်းတွေအတွက် အလှူပြုလုပ်ခဲ့တဲ့လင်းလင်း

မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့လင်းလင်းကိုတော့ ပရိသတ်တွေရင်းနှီးကြမှာပါ။ လင်းလင်းကတော့ မိတ်ကပ်ပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်သလို အနုပညာရှင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေအသိအမှတ်ပြုခံထားရသူတစ်ယောက်ပါ။ လင်းလင်းကတော့ စိတ်ရင်းစေတနာကောင်းသလို ဟန်ဆောင်မှုမရှိပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့်လည်း ပရိသတ်တွေကချစ်ခင်ရသူတစ်ယောက်ပါ။ ဒီနေ့လေးကတော့ ပရိသတ်တွေချစ်တဲ့လင်းလင်းရဲ့မွေးနေ့ရက်မြတ်လေးလည်းဖြစ်ပါတယ်။ လင်းလင်းကတော့သူ့ရဲ့မွေးနေ့လေးအတွက် အကျိုးရှိတဲ့အလှူလေးပြုလုပ်ကာအချိန်ကုန်ဆုံးခဲ့ပါတယ်။ အလှူလေးအကြောင်းကိုလည်း “လင်းရဲ့မွေးနေ့လေးမှာ တကယ့်လိုအပ်တဲ့ နေရာတွေမှာ ကူညီခွင့်ရလို့ မျက်ရည်တောင်ကျမိတယ် ၇ရက်သားသမီးအားလုံး ထပ်တူရပါစေ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။ လင်းလင်းကတော့စည်ပင်ဝန်ထမ်းတွေကို လိုက်လံပြီးတော့လှူဒါန်းခဲ့တာဖြစ်ပြီး ဒီအလှူလေးအတွက် ပရိသတ်တွေကတော့ ဝမ်းသာကြည်နူးနေကြတာပါ။ …

Read More

အမှန်တရားကို သိစေချင်လို့ အဖွဲ့လိုက်စကားပြောထားတဲ့ Group Chat ကိုဖွင့်ချလိုက်တဲ့ ချမ်းချမ်း

လတ်တလော လူမှုကွန်ရက်မှာ ယုန်လေးဖန်တီးပုံဖော်ထားတဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်းဗွီဒီယိုကြောင့် ပွဲဆူနေကြတာကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ယုန်လေးရဲ့အနုပညာဖန်တီးမှုကို ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်း များနေတဲ့အပြင် သီချင်းထဲမှာ ပါဝင်သီဆို၊ သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေအကုန်လုံးပါ ဝေဖန်တိုက်ခိုက်ခံနေရတာပါ။ မနေ့ကတော့ ဒီသီချင်းလေးထဲမှာ ပါဝင်သီဆိုထားသူချမ်းချမ်းက ဒီသီချင်းပုံဖော်မှုနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့တဲ့အကြောင်းကို မီဒီယာတွေမှာ ရှင်းလင်းပြောကြားခဲ့သလို ဒီနေ့ညနေမှာလည်း Facebook Live လွှင့်ကာ ပရိသတ်တွေနဲ့တိုက်ရိုက်ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် …

Read More

မီးဖိုချောင်ထဲမှာပဲ အိုးကိုင်နေတာမဟုတ်ပါဘူးဆိုတဲ့ မိုင်းမိုင်ဆိုင်း

မိုင်းမိုင်ဆိုင်းကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာနဲ့ ဂီတခရီးလမ်းကို လျှောက်လှမ်းလာသူတစ်ယောက်ပါ။ လတ်တလောကိုဗစ်ကာလ ပွဲတွေရပ်နားထားချိန်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်လက်ရာ ကြက်ကင်နဲ့ အခြားအကင်များကို အွန်လိုင်းကတဆင့်ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း မွေးရပ်မြေ ကချင်ပြည်နယ်မှာ စတင်ရောင်းခဲ့ပေမယ့် အခုဆိုရင်တော့ ရန်ကုန်မှာ လိုက်လံပို့ဆောင်ကာ ရောင်းချနေပါတယ်။ အားပေးကြမ်းလွန်းတဲ့စားသုံးသူတွေကြောင့် ပိတ်ရက်မရှိ ရောင်းနေရသလို အချိန်ပြည့်မီးဖိုချောင်ထဲက မထွက်ရအောင် ကိုယ်တိုင်လုပ်နေရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သီချင်းအသစ်တွေကိုလည်း …

Read More

လွမ်းမောစရာခံစားချက်လေးတွေကို ပြောပြလာတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေ

မင်းသမီးချောလေးဆောင်းဝတ်ရည်မေကိုတော့ ရုပ်သ့ဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရင်းရင်းနှီးနှီးရှိကြမှာပါ။ တုစိန်လေးလို့လည်း ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့မင်းသမီးချောလေးကတော့ အမုန်းမှသည် ချစ်ခြင်းတရားတို့ရှိရာ စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပီပြင်စွာသရုပ်ဆောင်ပြီး ပရိသတ်တွေအချစ်ကိုလည်း သိမ်းပိုက်ထားနိုင်သူပါ။ ဆောင်းဝတ်ရည်မေကတော့ မကြာသေးခင်ကလင်းပိုင်လေးတွေအသက်ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ကာကွယ်ဖို့အစီအစဉ်လေးတွေလည်း အားတက်သရောစိတ်ဝင်စားမှုရှိနေပြန်တာပါ။ ခံစားလွယ်တဲ့မင်းသမီးချောလေးကတော့ ဒီနေ့မှာ “ချစ်ခြင်းမေတ္တာကိုလည်း သတိရပါတယ်  ခင်များကိုလည်းသတိရပါတယ် ဆုံးရှုံးသွားတဲ့ အရာတွေထဲ မင်းကလွဲလို့ ဘာမှပြန်မလိုချင်တော့ပါဘူးကွယ် ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့သလို သူ့ရဲ့အလှပုံရိပ်လေးတွေကိုလည်း …

Read More

မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုဂံမြို့ရောက်နော်ဖောအယ်ထား

တက်သစ်စမော်ဒယ်လ်၊မင်းသမီးချောလေးတွေထဲမှာတော့ နော်ဖောအယ်ထားဟာပရိသတ်တွေသတိထားမိရတဲ့ သူတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေးနော်ဖောအယ်ထားကိုတော့ ပရိသတ်တွေကအမှတ်တံဆိပ်တော်တော်များများမှာ ကြော်ငြာမော်ဒယ်လ်လေးအဖြစ်နဲ့သိကြမှာပါ။ သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်ဖြစ်တာကြောင့် ” ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေသတိထားမိခဲ့ကြပါတယ်။ နော်ဖောကတော့ ဒီရက်ပိုင်းမှာမြန်မာပြည်ကမြို့တော်တော်များများကို ခရီးထွက်နေခဲ့တာပါ။ အခုဆိုရင်တော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကိုရောက်ရှိနေတာဖြစ်ပြီး ခရီးတွေထွက်လို့မဝနိုင်သေးပါ ဆိုပြီး ခံစားချက်ကိုရင်ဖွင့်ထားပါသေးတယ်။ နော်ဖောကတော့ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့အတူ ပုဂံမြို့ကြီးကိုနောက်ခံထားတဲ့ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်။ နော်ဖောကတော့ ခေတ်ဆန်ဆန်အပြင်အဆင်တွေနဲ့လည်းလှပလွန်းသလို မြန်မာဆန်ဆန်ဝတ်စုံနဲ့လည်း ကျက်သရေရှိရှိလှနေတာအမှန်ပါပဲနော်။ နော်ဖောကိုချစ်ခင်အားပေးကြတဲ့သူတွေရှိကြလား ပရိသတ်ကြီးရေ… …

Read More

အပျိုကြီးမမဇာတ်ရုပ်နဲ့ လိုက်ဖက်နေတာကြောင့် ပရိသတ်တွေသဘောကျခံနေရတဲ့ မြတ်သူသူ

မြတ်သူသူကတော့ သဘာဝကျတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်အချစ်ကိုရရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်လက်ပါ။ မြတ်သူသူကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ဖူးသလိုပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ အခုလည်း “တို့မမနဲ့တို့” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ဟိန်းမင်းသူ၊ မြတ်သူသူ၊မိုးသူရ၊စိုပြေမြင့်နဲ့ ရှင်မင်းဆက်တို့ပါဝင်ထားတာပါ။ ဒီဇာတ်ကားလေးမှာတော့ မြတ်သူသူက အဓိကဇာတ်ဆောင်ဖြစ်တဲ့ လှလည်းလှသလို စိတ်ထားကောင်းပြီး မဟုတ်မခံတတ်တဲ့ အပျိုကြီးမမ သန်းသန်းဆင့်အဖြစ်နဲ့ပါဝင်ထားတာပါ။ ဇာတ်ရုပ်တိုင်းကို လိုက်ဖက်အောင် သရုပ်ဆောင်လေ့ရှိတဲ့ မြတ်သူသူကတော့ …

Read More

အချစ်ရဲ့ဒုက္ခသည်လေးတွေ နားထောင်ရမယ့် နော်စေးစေးထူးရဲ့ သီချင်းအသစ်လေး

မြန်မာအိုင်ဒေါ Season-4 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ လီဆူမလေး စေးစေးကိုတော့ ပရိသတ်တွေအားလုံး ချစ်ကြမှာပါနော်။ အမြဲ တက်ကြွပျော်ရွှင်စွာနေလေ့ရှိတဲ့အပြင် သီချင်းတိုင်းကို ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုနိုင်သူတစ်ယောက်မို့ ပြိုင်ပွဲမှာ ပရိသတ်တွေသတိထားမိခဲ့တဲ့ သူတစ်ယောက်ပါ။ ပြိုင်ပွဲကြီးပြီးကတည်းက ပရိသတ်ကို ကိုယ်တိုင်တေးသီချင်းကောင်းတွေ ချပြဖို့ကြိုးစားနေတဲ့ စေးစေးကတော့ ဒီနေ့မှာ “အချစ်ရဲ့ဒုက္ခသည်မလေး” ဆိုတဲ့ ကိုယ်တိုင်သီဆို သရုပ်ဆောင်ထားတဲ့ Music Video လေးကို မျှဝေပေးခဲ့ပါတယ်။ ဆန်းပြားတဲ့သံစဉ်တွေနဲ့ …

Read More

သန်လျင်မှာလှူဒါန်းဖြစ်ခဲ့တဲ့ မိသားစုအလှူလေးကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်

ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေက ဆိုင်းမိုင်လေးဆိုပြီးတော့လည်း ချစ်စနိုးခေါ်ကြပါတယ်။ မြန်မာဆန်ဆန်အလှလေးကို ပိုင်ဆိုင်ထားတဲ့မင်းသမီးလေးကတော့ ဘာသာရေးကိုကိုင်းရှိုင်းတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ အလှူဒါနတွေတစ်ခုပြီးတစ်ခုပြုလုပ်နေတာပါ။ မကြာသေးခင်က မဟာမြိုင်တောရကိုသွားရောက်တရားအားထုတ်ခဲ့သလို သန်လျှင်မှာရှိတဲ့ မယ်သီလရှင်ကျောင်းဆောက်လုပ်လှူဒါန်းရာမှာလည်း လှူခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ်အလှူလေးအကြောင်းကို “သန်လျင် နယ်လှည့် သစ္စာဓိဌာန် စတုဒီသာ နတ်စင်တစ်ရာ ဆရာတော်ကြီးရဲ့ ကျောင်းမှာ ဝါတွင်း ၃ လ ရက်ပေါင်း ၉၀ …

Read More

မွေးနေ့မှာ ချစ်ခင်ရသူတွေ အများကြီးဆုတောင်းပေးတာလိုချင်ပါတယ်ဆိုတဲ့ နက်ရှိုင်းကို

နက်ရှိုင်းကို ကိုတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေစတင်သတိထားမိခဲ့ကြမှာနော်။ ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေးတစ်ယောက်အဖြစ် ပရိသတ်အသိမှတ်ပြုအားပေးခြင်း ရရှိခဲ့တဲ့ နက်ရှိုင်းကိုကတော့ ” နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲထဲမှာလည်း အောင်အောင် ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ(၅) ရက်နေ့လေးကတော့ အောင်အောင်ရဲ့ မွေးနေ့ရက်မြတ်လေးပါ။ မွေးနေ့ရောက်ဖို့ အစောကြီးကတည်းက ကြိုရင်ခုန်နေခဲ့သလို ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာလည်း ချစ်ခင်ရသူတွေဆီက ဆုတောင်းစကားတွေ အများကြီးရဖို့ မျှော်လင့်နေပါတယ်တဲ့ ပရိသတ်ကြီးရေ.. …

Read More

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ အခွီရိုက်ကူးထားတဲ့ ကြော်ငြာဗွီဒီယိုလေး

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ကတော့ မိတ်ကပ်ပညာရှင်တွေဖြစ်ပေမယ့် ကိုယ်စီအားပေးသူပရိသတ်အခိုင်အမာရရှိထားသူတွေပါ။ အမြဲတစ်တွဲတွဲတွေ့နေရတဲ့သူတို့နှစ်ယောက်ကတော့ မကြာခဏဆိုသလိုလည်း ပရိသတ်တွေပျော်ရွှင်ရအောင်လည်း ဟာသဗွီဒီယိုလေးတွေ၊ ဟာသဓာတ်ပုံလေးတွေ ရိုက်ကူးမျှဝေလေ့ရှိသူပါ။ နောက်ပိုင်းမှာ နှစ်ယောက်သားအတွဲလိုက်ရုပ်ရှင်တွေ ရိုက်ကူးလာရတဲ့အထိ ပရိသတ်အသိမှတ်ပြုအားပေးမှု ရရှိလာခဲ့ကြတဲ့သူတို့နှစ်ယောက်ကတော့ ဒီတစ်ခေါက်မှာလည်း ကြော်ငြာလေးတစ်ခုလက်ခံရိုက်ကူးဖြစ်ခဲ့ပြီး နှစ်ယောက်သားတွဲဖက်ညီညီ ပရိသတ်တွေဘဝအမောပြေရအောင် အခွီရိုက်ကူးကာ တင်ဆက်ပေးခဲ့ပါတယ်။ ပရိသတ်တွေပျော်ရွှင်ရအောင် အမြဲဖန်တီးပေးနေသူပီပီ ဒီကြော်ငြာလေးထဲမှာလည်း သူတို့နှစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေနဲ့ အကောင်းဆုံးပျော်စရာတွေဖန်တီးပြီး သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ… …

Read More